
အဲဒီညကပေါ့...
ငါ့ရဲ့ရင်ခုန်သံတွေဟာ
နာရီလက်တံတွေကို
တရွေ့ရွေ့ခိုစီးနေခဲ့တယ်...
ဒီဂရီသုံးရာ့ခြောက်ဆယ်ကို
အကြိမ်ကြိမ်လှည့်ပတ်မိတာနဲ့အမျှ
ငါ့မျှော်လင့်ချက်နံရံတွေလည်း
တစတစပြိုကျခဲ့ရပေါ့...
အလင်းရောင်ကိုတမ်းတစွာနဲ့
ခေါင်းမော့ကြည့်မိတော့
ဖြူဆုတ်ဆုတ်မျက်နှာကြက်က
ငါ့ကို လှောင်ရယ်နေတယ်...
သြော်...
နံရံခြောက်ခုရဲ့ကြား
ငါတစ်ယောက်တည်းပါလား...
ငါ့နံဘေးမှာတော့
ဆွံ့အနေတဲ့
တယ်လီဖုန်းလေးကလွဲလို့...........
ငါ့ရဲ့ရင်ခုန်သံတွေဟာ
နာရီလက်တံတွေကို
တရွေ့ရွေ့ခိုစီးနေခဲ့တယ်...
ဒီဂရီသုံးရာ့ခြောက်ဆယ်ကို
အကြိမ်ကြိမ်လှည့်ပတ်မိတာနဲ့အမျှ
ငါ့မျှော်လင့်ချက်နံရံတွေလည်း
တစတစပြိုကျခဲ့ရပေါ့...
အလင်းရောင်ကိုတမ်းတစွာနဲ့
ခေါင်းမော့ကြည့်မိတော့
ဖြူဆုတ်ဆုတ်မျက်နှာကြက်က
ငါ့ကို လှောင်ရယ်နေတယ်...
သြော်...
နံရံခြောက်ခုရဲ့ကြား
ငါတစ်ယောက်တည်းပါလား...
ငါ့နံဘေးမှာတော့
ဆွံ့အနေတဲ့
တယ်လီဖုန်းလေးကလွဲလို့...........
No comments:
Post a Comment