Tuesday, September 28, 2010

...

ပင်ပန်းလှပြီ..
မတူညီတဲ့အနားတွေကို
ဇွတ်အတင်းဆွဲညှိထားရလို့
ကွဲထွက်လုဆဲဆဲဗဟုဂံတစ်ခုကို
ရင်ဘတ်နဲ့ထိန်းထားရတာ
ပင်ပန်းလှပြီ..

နေရိပ်ကိုလိုချင်ရင်
နေပူထဲကစောင့်တဲ့
ငါ့မှာ ပူလောင်ရလွန်းလို့
အငွေ့ပျံပျောက်ကွယ်သွားတော့မတတ်ပေမယ့်..
နေရိပ်အေးအေးကတော့ ဝေးဝေးနေဆဲ..

ခြေကုန်လက်ပန်းကျနေတဲ့
ငါ့နှလုံးသားက
လက်လျှော့လိုက်ချင်ပြီဆိုတာကို
ဦးနှောက်ကထိန်းထားခဲ့လို့ရယ်..
ထပ်တိုးလာတဲ့ သံယောဇဉ်တစ်ကြိုးကြောင့်ရယ်
ငါ..
နောက်ဆုးံအချိန်အထိတော့
ကျားကန်ကြည့်ဦးမယ်..

2 comments:

noblemoe said...

မမြူးဒါကဗျာတွေပဲရေးတဲ့ပိုစ့်လား
ကဗျာတွေပြန်လာခံစားသွားပါတယ် မရေးး
သာယာချမ်းမြေ့ပါစေနော်
မိုး

minthike said...

i love this poem....
thanks Daw Pwint.