
အရင်တုန်းကပေါ့...
ငါ့ရင်ခွင်မြေတလင်းမှာ
လရောင်ကျင်းလို့လင်းခဲ့ဖူးပါရဲ့...
ရက်စက်မှုတိမ်လွှာအဖုံးမှာ
အမုန်းဆိုတာမရှိပေမယ့်..
ရှုံးပြီဆိုတဲ့အသိက
ရင်ကိုထိမှန်ပေါက်ကွဲစေတယ်...
လရောင်မရှိတဲ့
ညမှောင်အတိမှာ
လမ်းပျောက်လုဆဲ ငါ့ဝိဥာဉ်အတွက်...
နှလုံးသားကိုမီးစာတင်..
နှလုံးသွေးကိုလောင်စာပြုလို့..
ခုချက်ချင်းလောင်ကျွမ်းကာလင်းစေမယ်..
လမင်းရဲ့အလင်း....
မင်းမရှိလဲဖြစ်ပါတယ်...
ငါ့ရင်ခွင်မြေတလင်းမှာ
လရောင်ကျင်းလို့လင်းခဲ့ဖူးပါရဲ့...
ရက်စက်မှုတိမ်လွှာအဖုံးမှာ
အမုန်းဆိုတာမရှိပေမယ့်..
ရှုံးပြီဆိုတဲ့အသိက
ရင်ကိုထိမှန်ပေါက်ကွဲစေတယ်...
လရောင်မရှိတဲ့
ညမှောင်အတိမှာ
လမ်းပျောက်လုဆဲ ငါ့ဝိဥာဉ်အတွက်...
နှလုံးသားကိုမီးစာတင်..
နှလုံးသွေးကိုလောင်စာပြုလို့..
ခုချက်ချင်းလောင်ကျွမ်းကာလင်းစေမယ်..
လမင်းရဲ့အလင်း....
မင်းမရှိလဲဖြစ်ပါတယ်...
ဒီကဗျာလေးက ဒုတိယနှစ်တုန်းက သူငယ်ချင်းတွေနဲ့ စုပြီး ပထမဆုံးထုတ်ဖြစ်တဲ့ နေလောင် circuit တို့ရဲ့သမိုင်းဆိုတဲ့ ကဗျာစာအုပ်ထဲကလေ... အဲဒီစာအုပ်ထွက်ပြီး နောက်တနေ့လဲကျရော ရည်းစားဟောင်းက ကိုယ်ပေးထားဖူးတဲ့ လက်ဆောင်တွေရော စာတွေရော ပြန်လာပေးသွားလေရဲ့... သူ့နာမည်က လရောင် တဲ့...
2 comments:
အမ.............
GTC တုန်းနောင်လောင်ဆားကစ်တို့ရဲ့သမိုင်းကဗျာစာအုပ်ကိုဝယ်ပြီးအားပေးဖူးတယ်(ဒီကဗျာကိုကြိုက်လို့ ရေးတဲ့သူ ရှာပြီးအမကိုလာမိတ်ဆက်ဖူးတယ်၊ကိုသာလှ(သူတို့ လိုက်ရောင်းတာလေ)ှမိတ်ဆက်ပေးတာ မေ.သမီးတဲ့ဒါပေမဲ့အမနာမည်အရင်းကိုမမှတ်မိဘူး)
ဘလော့ မှာကဗျာဖတ်ရတော့မှမေ့ သမီးဆိုတာမှတ်မိသွားတာ။
သားလေးတစ်ယောက်တောင်ပိုင်ဆိုင်ထားပြီးပြီနော်။congratulationsပါ။အဲ အလုပ်ရခါစက yio chu canMRTမှာတွေ့ တယ်ပြူးကြည့် သွားတယ်သက်မာကလိုက်ကြည့် တော့ ဟဲဟဲ ။မိတ်ထပ်မဆက်တော့ ပါ ဘူး အဲဒီတုန်းကတော့....မသေချာဘူးလေ မှော်ဘီကမေ့သမီးဟုတ်မဟုတ်က။ဘာမှမဟုတ်ဘူးနော် တိုက်ဆိုင်လွန်းလို့ ရေးလိုက်တာပါ။
သက်မာရေ.. လာအားပေးတဲ့အတွက် ကျေးဇူးနော်.. ကိုသာလှမိတ်ဆက်ပေးတာကို မှတ်မိပါတယ်.. YCK မှာတွေ့တုန်းက မမှတ်မိလို့နေမှာပါ. :)
Post a Comment