Thursday, September 23, 2010

ရင်ခွင်အခန်း


ချစ်ရသူရဲ့ ဥပေက္ခာဆိုတာ
အသွားထက်တဲ့ ဓါးတစ်လက်မှန်း
သိလိုက်ရတဲ့အချိန်မှာ
ကျွန်မနှလုံးသားက
တစ်စစီကွဲနေခဲ့ပြီးပြီ.....

ကျွန်မပြောသမျှစကား
မုသားရယ်လို့ ယုံမှတ်ထားသူကို
ဘယ်လိုရှင်းလင်းအောင်
ခင်းကျင်းပြသရမှာတဲ့လဲ

တကယ်ပါ....ချစ်သူ....
မယုံဘူးဆိုတာသိပါတယ်
ဒါပေမယ့်...
ရင်မှာတင်းကြပ်
အငြင်းခက်တဲ့ခံစားချက်တွေအကြောင်း
ပြောပြနေချင်သေးတယ်လေ...

No comments: