Wednesday, October 20, 2010

ဆန္ဒ

ဘာဆိုဘာမှ
ခုထက်ပိုမလိုချင်..

ဘာဆိုဘာမှ
ရှေ့ကိုကြိုမတွေးချင်..

ဘာဆိုဘာအတွက်မှ
နောင်တတွေမရချင်..

ဘာဆိုဘာကြောင့်မှ
ပျော်လည်းမပျော်ချင်..

ဆန္ဒရှိရာ ပြောစမ်းပါဆို
တခုတည်းပါ
ရှင်းရှင်းလေးပဲ..
ငါ.. အိမ်ပြန်ချင်တယ်..

မြူးမြူး
၂၀.၁၀.၂၀၁၀

5 comments:

Anonymous said...

"ဆန္ဒ"

ကဗျာလေးကောင်းတယ် မ
နေကောင်းတယ်ဟုတ်

မိုးလည်းဒီရက်ပိုင်းအိမ်ကိုတအားသတိရနေတာ...

တနေ့တော့ပြည့်မှာပေါ့ မရယ်...
ဒါပေမဲ့ အဲဒီတနေ့ဆိုတာကြီးကလည်း....

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Anonymous said...

"ဆန္ဒ"

ကဗျာလေးကောင်းတယ် မ
နေကောင်းတယ်ဟုတ်

မိုးလည်းဒီရက်ပိုင်းအိမ်ကိုတအားသတိရနေတာ...

တနေ့တော့ပြည့်မှာပေါ့ မရယ်...
ဒါပေမဲ့ အဲဒီတနေ့ဆိုတာကြီးကလည်း....

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Thandar Lwin said...

ကောင်းလိုက်တာမြူး၇ယ်။
ဒို့ခံစားချက်နဲ့တထပ်ထဲဘဲ။

Unknown said...

myue...ur poem is very very good..!

I think everybody want to go bk our country...!

Unknown said...

ဆန္ဒ ဆိုတဲ့ ကဗျာလေးကို အရမ်းကြိုက်ပါတယ်။
ကျွန်တော်လည်း အိမ်လွမ်းနေသူမို့လေ။
ကျွန်တော့်ဘလော့ဂ်ကိုလာလည်တာ ကျေးဇူးတင်ပါတယ်။နောက်လည်း လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါတယ်။
ရာဇာ(ကျေးလက်သားလေး)