မောင် လို့ လွှတ်ခနဲအခေါ်
ဗျာ လို့ လှောင်ပြုံးနဲ့ နင်အထူးမှာ
ငါ စပြီးရူးခဲ့ရတာ
ခုဆို.. ကြာပဲကြာလှပေါ့..
ငါ့ဆံပင်ဖွတ်မြီးဖြားမှာ
နင်ပန်ပေးဖူးတဲ့ငွေပန်းလေးတွေတောင်
နွမ်းခြောက်ယုံမကလို့
မြေသြဇာဖြစ်လုပြီ..
တကယ်တမ်းကျတော့
ငါက..
အိပ်မက်ထဲမှာပဲ
နင့်ကိုချစ်ခွင့်ရသလို
နင်ကလဲငါ့ကို
အိပ်မက်ထဲမှာပဲ ချစ်သတဲ့လေ..
No comments:
Post a Comment