Monday, February 27, 2012

ပါပဂြိုလ်

ကြာသပတေးသမီးကျွန်မ
အသက်၁၉နှစ်မှာ ရာဟုဂြိုလ်ထဲရောက်တယ်
ပါပဂြိုလ်တို့ဘာသာဘာဝ
အ၀င်များကြမ်းချက်တော့
ကျွန်မအသည်း ဟက်တက်ကွဲတယ်ပေါ့..

အဲသည်ကတည်းကစ
၁၂နှစ်တာကာလတလျှောက်
ကိုယ်ချစ်နဲ့သူချစ်တွေတလွဲ
ထပ်တူမကျနိုင်ခဲ့ဘဲနဲ့
အလွဲတွေနဲ့အသားကျလို့
အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးတတ်ခဲ့တယ်..

ကျွန်မရဲ့ရာဟုက
နှလုံးသားနုနုကိုမှ
ရွေးပြီးခိုက်ရသတဲ့လား..

အသက်၃၁နှစ်ကျမှ
ရာဟုလက်ကလွတ်မတဲ့..
ဟင့်အင်း..
မလွတ်ချင်လဲနေပါတော့
ကျွန်မက..
ပါပဂြိုလ်မှာ ပျော်နေတတ်ပြီလေ..

ပွင့်မြူးဇင်
၂၇.၁၂.၂၀၁၂