သူငယ်ချင်းရေ..
နင်နဲ့ပတ်သတ်တာဆိုလို့
ငါ့မှာ...
အိပ်မက်ကလေးတစ်ခုတောင်
အပိုင်မှမရခဲ့ဖူးတာလေ...
ပူလောင်လွန်းတဲ့..
အဖြူရောင်အရိပ်အောက်က
ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ပန်းလို
နီးရက်နဲ့မဆုံနိုင်တဲ့ဘ၀မျိုးထဲ..
ငါပျော်နေတယ်နင်ထင်လို့လား...
နင်မရှိတဲ့အရပ်မှာ..
နင်မသိတဲ့အချစ်တွေနဲ့
ရွက်လွှင့်နေတဲ့ငါ့နှလုံးသားက
နင့်ကိုလွမ်းတဲ့အခါများဆို..
ငါ့ရင်ခွင်ပြိုမတတ်ပါပဲ...
ဒါပေမယ့်... ငါကလေ...
ငါ့နှလုံးသားရဲ့ ဘာသာစကားကို..
နင်နားမလည်စေချင်ဘူး...
ငါ့အတ္တ ငါ့မာနနဲ့
အနားသတ်ထားတဲ့ ငါ့နှလုံးသားအကြောင်း..
ဒီဘ၀အဆုံးထိ..
နင်လုံးလုံးမသိစေချင်လို့.......